၂။ အမူအကျင့်
ခေါင်းဆောင်များသည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ မဖွယ်မရာပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း (SEAH) အမှုကိစ္စများ သို့မဟုတ် အခြားသော ထိခိုက်နစ်နာမှုအမျိုးအစားများမှ သင်ခန်းစာများ ရယူခြင်း၊ လေ့လာသင်ယူခြင်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အကာအကွယ် ပေးခြင်းအား အဖွဲ့အစည်း၏ ဦးစားပေးကိစ္စတစ်ခုအဖြစ် ရှေ့တန်းတင်၍ အလေးထားဆောင်ရွက်ပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- အဖွဲ့အစည်းသည် ဖြစ်ရပ်များမှ သင်ခန်းစာများ ရယူ၍ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ကြောင်းသေချာစေရန် သင်အနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင် ရွက်သနည်း။
- ဤသည်ကို အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံသည့် ဖိုရမ်များ/အစည်းအဝေးများထဲ တွင် မဖြစ်မနေပါဝင်စေရန် သင် မည်သို့ လုပ်ဆောင်ပေးနိုင်ခဲ့သနည်း။
- သင်ခန်းစာများ ရယူခြင်း၊ လေ့လာသင်ယူခြင်းများကို အပြုသဘောဆောင်၍ အပြစ် တင်မှုဆီသို့ ဦးတည်သွားခြင်းမရှိသည့် နည်းလမ်းဖြင့် ပြုလုပ်အောင် အားပေးရန် အတွက် သင် မည်သည်ကို လုပ်ဆောင်သနည်း။
- အောက်ခြေအဆင့်မှ ဖြစ်ရပ်များ နှင့် မသိလိုက်ရဘဲ လွတ်သွားလုနီးနီး ဖြစ်ခဲ့သည့် ဖြစ် ရပ်များအပါအဝင် တင်ပြလာသော ပြဿနာများ၊ အကြောင်းကိစ္စများအားလုံးမှ သင် ခန်းစာများကို သင် မည်သို့ လေ့လာသင်ယူနိုင်မည်နည်း။
- အဖွဲ့အစည်းတွင် အပျက်သဘောဆောင်သော ယဉ်ကျေးမှုတစ်ခု ရှိနေကြောင်း ညွှန်ပြ နိုင်သည့် ရိုင်းပျသော၊ စော်ကားသော သို့မဟုတ် သိက္ခာချသော အပြုအမူများကို ဖော် ထုတ်သိရှိရန်နှင့် စီမံကိုင်တွယ်နိုင်ရန် သင် မည်မျှ နိုးကြားသတိရှိသနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
ခေါင်းဆောင်များ
“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။