Skip to content

Accountability – Page 3

၃။ အမူအကျင့်

ခေါင်းဆောင်များသည် ၎င်းတို့အဖွဲ့အစည်းအား အဖွဲ့အစည်းတွင်းရှိ လုပ်ငန်း စဉ်များ၊ ဆုံးဖြတ်ချက်ချမှတ်မှုများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာရှိသော အဖွဲ့ အစည်းတစ်ရပ် ဖြစ်စေရန် ဆောင်ရွက်ပါသည်။

 

အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • သင့်အဖွဲ့အစည်းသည် သင်တို့၏ လုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်ချမှတ်မှုများ (အကာ အကွယ်ပေးခြင်းနှင့် ပတ်သက်၍ အပါအဝင်၊ သို့သော် ဤတစ်ခုတည်းအတွက်သာ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ) နှင့် စပ်လျဉ်း၍ တတ်နိုင်သမျှ ပွင့်လင်းမြင်သာ ရှိစေရန် သင် မည်သို့ ဆောင် ရွက်သနည်း။
  • အဖွဲ့အစည်းအတွင်းတွင် ယေဘုယျအားဖြင့် ပြုလုပ်ခဲ့သော အမှားများမှ သင်ခန်းစာများ ရယူခြင်း (အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် သင်ခန်းစာများအပါအဝင်၊ သို့သော် ဤတစ်ခုတည်းအတွက်သာ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ) ကို သင် မည်သို့ စံနမူနာပြဆောင်ရွက် နေပါသနည်း။
  • စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများသို့ ပေးပို့သော ဖြစ်ရပ်အစီရင်ခံမှုများကို ပြန် လည်သုံးသပ်ရာတွင် သင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသနည်း။
  • အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် မည်မျှ ပွင့်လင်းမြင်သာမှု ရှိ သနည်း။ အပြန်အလှန်စောင့်ကြည့်ထိန်းကျောင်းရန်အတွက် မည်သည့်စနစ်များ ထားရှိ သနည်း။

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)

 

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင် မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့် လုပ် ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည်ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထို လုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင် များမှ လုပ်ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါမည်။ သင့် အဖွဲ့ အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင် ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

ခေါင်းဆောင်များ

“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။

အကာအကွယ်ပေးခြင်း

အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ်တစ် ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှုများ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြားထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

လုံခြုံစိတ်ချရသော နေရာ (safe space)

လူများသည် ခွဲခြားဆက်ဆံခြင်း၊ ဝေဖန်ပြစ်တင်ခြင်း၊ ထိပါးစော်ကားခြင်း သို့မဟုတ် အခြားသော စိတ်ခံစားချက်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမှန်သမျှနှင့် ကြုံတွေ့ရလိမ့်မည်ဟု မဟုတ်ဟု ယုံကြည့်စိတ်ချစွာ နေနိုင်သော နေရာတစ်နေရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါသည်။