Skip to content

Accountability – Page 1

၁။ အမူအကျင့်

 

ခေါင်းဆောင်များသည် အခြားသူများအပေါ် ၎င်းတို့၏ ဩဇာအာဏာ ရှိမှု၏ အကျိုးသက်ရောက်မှုကို နားလည်သိရှိပြီး (အထူးသဖြင့် အန္တရာယ်ကျရောက် နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများနှင့် စပ်လျဉ်း၍ နားလည်သိရှိ ပြီး) ၎င်းတို့ကိုယ်တိုင်အနေဖြင့် အခြားသူများအပေါ် တာဝန်ခံမှုရှိစေရေး ကြို တင်မျှော်တွေး၍ (တစ်ခုခုဖြစ်လာမှ တုံ့ပြန်ခြင်းမျိုးမဟုတ်ဘဲ) ကြိုးပမ်းဆောင် ရွက်ကြသည်။

 

အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။

 

ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • သင်သည် မည်သူ့ထံ တရားဝင် တာဝန်ခံမှု ရှိပါသနည်း သို့မဟုတ် သင့်ကိုယ်သင် မည်သူ့ကို တာဝန်ခံရမည်ဟု သတ်မှတ်ထားပါသနည်း
  • သင့်အဖွဲ့အစည်းအတွင်းတွင် အန္တရာယ်ကျရောက်နိုင်ခြေ ရှိသူများ သို့မဟုတ် ပစ်ပယ်ခံ အုပ်စုများ  သို့မဟုတ် အငယ်တန်းဝန်ထမ်းများမှ ၎င်းတို့၏ အမြင်များ၊ အယူအဆများ ကို တင်ပြခွင့် ရရှိအောင် မည်သို့ လုပ်ဆောင်ပါသနည်း။
  • အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုမျာမှ ၎င်းတို့သည်လည်း သင့်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်မှု သို့မဟုတ် သင့်အဖွဲ့အစည်းနှင့် ထိတွေ့ဆက်သွယ်နိုင်မှုနှင့် စပ်လျဉ်း၍ ၎င်းတို့၏ ခံစားချက်များကို သင် မည်ကဲ့သို့ သိရှိ နိုင်မည်နည်း။
  • မည်သူသည် သင့်အပေါ် ဩဇာအာဏာလွှမ်းမိုးမှုရှိသည် ဟု သင်ထင်ပါသနည်း။ ယင်း သည် အခြားသူများအပေါ် သင်၏ ဩဇာအာဏာရှိမှုကို ပြသပုံနှင့် ဆုံးဖြတ်ချက် ချမှတ် မှုများအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိသနည်း သို့မဟုတ် မည်သို့ ဆက်စပ် သက်ဆိုင်မှု ရှိသနည်း။

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

ခေါင်းဆောင်မျာ

“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။

အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ

ဤစာတမ်းတွင် အသုံးပြုထားသည့် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများဟူသည့် အသုံးအနှုန်းတွင် ကလေးများ၊ အမျိုး သမီးများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လူနည်းစုအုပ်စုများနှင့် LGBTQI+ ဟု သတ်မှတ်ခံရသူများ ပါဝင်ပါသည် (အခြားအုပ်စုများလည်း ပါဝင်နိုင်ပါ သည်) ။ သို့သော် မည်သူသည် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ ဖြစ်သည်ဆိုသည်မှာ အခွင့်အာဏာမညီမျှမှုများနှင့် များစွာ ဆက်နွှယ်နေသဖြင့် ဆက်စပ်နေသော အခြေအနေ၊ အကြောင်းအချက်များ၊ နောက်ခံအခြေအနေများပေါ်တွင် မူတည်၍ အမျိုးမျိုး ကွဲပြားသွားနိုင်ပါသည်။

တာဝန်ခံမှု

တာဝန်ခံမှုသည် အခြေခံကျသော စည်းမျဉ်းဥပဒေသတစ်ခုဖြစ်ပြီး အထူး သဖြင့် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်များအတွက် ဖြစ်ပါသည်။ ယင်းသည် တာဝန်ယူမှုရှိခြင်း၊ ပြန်လည်ဖြေကြားပေးနိုင်ခြင်းနှင့် သင်၏ လုပ်ဆောင်ချက် များ၊ ဆုံးဖြတ်ချက်များနှင့် အရင်းအမြစ်သုံးစွဲမှုများအတွက် ပွင့်လင်းမြင်သာမှု ရှိစေခြင်းတို့ကို ဆိုလိုပါသည်။ သို့သော် တာဝန်ခံမှု၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ နားလည်မှု သို့မဟုတ် အများလက်ခံသဘောတူသည့် နားလည်မှုကို အစဉ်အမြဲ မရရှိနိုင်ပါ။ အပြုသဘောဆောင်သော အကာအကွယ်ပေးသည့် ယဉ်ကျေးမှု တစ်ရပ်တွင် မည်သူက မည်သည်အတွက် တာဝန်ခံရမည်ဆိုကို တူညီစွာ နား လည်သိရှိမှု ရရှိခြင်းသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ဩဇာအာဏာ လွှမ်းမိုးခြင်း

ဥပမာ သင့်အဖွဲ့အစည်းသည် အဖွဲ့အစည်းအပေါ် ဩဇာလွှမ်းမိုးနိုင်သော သို့မဟုတ် အကျိုးသက်ရောက်မှုရှိသော အခြားသူများနှင့် ဆက်သွယ်ဆောင် ရွက်ခြင်း သို့မဟုတ် မိတ်ဖက်အဖြစ် ပူးပေါင်းခြင်းများ ရှိနိုင်ပါသည်။