Skip to content

Accountability – Page 5

၅။ အမူအကျင့်

ခေါင်းဆောင်များသည် အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်များ ဖြစ်ပေါ်လာသောအခါမှ တုံ့ပြန်ခြင်းမျိုးမဟုတ်ဘဲ ကြိုတင်ကာကွယ်နိုင် ရန်ရည်ရွယ်လျက် အကာအကွယ်ပေးခြင်း လုပ်ငန်းများကို ပိုမိုမြင့်မားသော စံနှုန်းများ ပြည့်မီသည်ထိ လုပ်ဆောင်နိုင်ရေးအတွက် အခြား ခေါင်းဆောင်များအား စောဒကတက်ခြင်း၊ မေးခွန်းထုတ်ခြင်းနှင့် အားပေးပံ့ပိုးခြင်းများမှ တစ်ဆင့် ဩဇာသက်ရောက်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ပြီး ၎င်းတို့ကိုယ်တိုင်ကိုလည်း အလားတူလုပ်ဆောင်ရန် တိုက်တွန်းအားပေး၍ အခြားခေါင်းဆောင်များထံမှ အကြံပြုချက်များ ရယူပါသည်။

အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက် များ၊ အဖွဲ့အစည်းပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံးသပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင် ၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေးနွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • အခြားအဖွဲ့အစည်းများ သို့မဟုတ် အဖွဲ့များ (အထူးသဖြင့် တူညီသော အစီအစဉ်များတွင် ပူးပေါင်းလုပ်ကိုင်နေကြသူများ) အား ၎င်းတို့၏ အကာအကွယ်ပေးခြင်း ဆိုင်ရာ ကျင့်သုံးမှုအလေ့အထစံနှုန်းများနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်နိုင်သည့် အခွင့်အလမ်းများ သင့်ထံတွင် ရှိပါ သလား။
  • တူညီသော အစီအစဉ်များတွင် ပူးပေါင်းလုပ်ကိုင်နေကြသည့် အခြားအဖွဲ့ အစည်းများထံမှ အကာအကွယ်ပေးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်း များ ကျင့်သုံးမှုနှင့် စပ်လျဉ်း၍ တုံ့ပြန်ချက်များ၊ အကြံပြုချက်များကို သင် မည်ကဲ့သို့ ရယူနေပါသနည်း။
  • အကာအကွယ်ပေးခြင်း လုပ်ဆောင်ချက်များ ထိရောက်အားကောင်းလာ အောင် လုပ်ဆောင်ရေးအတွက် သင်အနေဖြင့် အခြားအဖွဲ့အစည်းများ သို့မဟုတ် အဖွဲ့များထံ မည်သည်တို့ကို မျှဝေပေးနိုင်ခဲ့သနည်း။ ၎င်းတို့ ထံမှ မည်သည်တို့ကို သင် လေ့လာသင်ယူနိုင်ခဲ့သနည်း။

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ် ဆွဲနိုင်ပါသည်)

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

ခေါင်းဆောင်များ

“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက် များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူ များကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည် ၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံ ခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူ များ ဖြစ်နိုင်ပါသည်။

အကာအကွယ်ပေးခြင်း

အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။