၃။ အမူအကျင့်
ခေါင်းဆောင်ပိုင်းမှ တက်ရောက်သော အစည်းအဝေးများ၊ အဖွဲ့များ၏ အစည်း အဝေးများတွင် အကာအကွယ်ပေးခြင်းသည် ပုံမှန်ဆွေးနွေးရမည့် ခေါင်းစဉ် တစ်ခု ဖြစ်နေစေရန် ခေါင်းဆောင်များမှ ထည့်သွင်းပေးထားပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- သင့်အဖွဲ့အစည်း၏ နယ်ပယ်များအားလုံးရှိ ဆုံးဖြတ်ချက်ချမှတ်မှုများတွင် အကာအကွယ်ပေးခြင်း နှင့် စပ်လျဉ်းသည့် အချက်များကို ထည့်သွင်းစဉ်းစားကြောင်း သေချာစေရန် သင် မည်သို့ လုပ်ဆောင်နေပါသနည်း။
- ယင်းကို ဟန်ပြသက်သက်သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်စေရန်နှင့် အကာအကွယ် ပေးခြင်းဆိုင်ရာ အချက်များကို ထည့်သွင်းစဉ်းစားခြင်းသည် ချမှတ်သည့် ဆုံးဖြတ်ချက် များအပေါ် သက်ရောက်မှုရှိစေရန် သင် မည်သို့ လုပ်ဆောင်ပေးနိုင်သနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
အကာအကွယ်ပေးခြင်းဆိုင်ရာ ချန်ပီယံ
သင့်အဖွဲ့အစည်းသည် ကလေးသူငယ်များနှင့် အန္တရာယ်ကျရောက်နိုင်ခြေရှိ သော အရွယ်ရောက်သူများအတွက် လုပ်ကိုင်နေသော UK NGO တစ်ခု ဖြစ်ပါ က အဖွဲ့အစည်းအတွင်းတွင် အကာအကွယ်ပေးခြင်းဆိုင်ရာ ချန်ပီယံ/ဦးဆောင် သူတစ်ဦး ခန့်အပ်တာဝန်ပေးထားရမည်ဟု Charity Commissions မှ ထုတ်ပြန် ထားပါသည်။
