Skip to content

Do no harm/safer programming Page 3

၃။ အမူအကျင့်

ခေါင်းဆောင်များသည် ၎င်းတို့အဖွဲ့အစည်းအား အဖွဲ့အစည်းတွင်းရှိ လုပ်ငန်း စဉ်များ၊ ဆုံးဖြတ်ချက်ချမှတ်မှုများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာရှိသော အဖွဲ့ အစည်းတစ်ရပ် ဖြစ်စေရန် ဆောင်ရွက်ပါသည်။

 

အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။

ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • သင့်အဖွဲ့အစည်း၏ တိုးတက်မှုကို ပြင်ပမှ စံချိန်စံနှုန်းများနှင့် တိုင်းတာခြင်းအား စောင့်ကြည့်လေ့လာမှုတွင် သင် မည်သို့ ပါဝင်ပတ်သက်ပါသနည်း။
  • သင့်အဖွဲ့အစည်းအား အဆိုပါစံနှုန်းများနှင့် နေ့စဉ်ကျင့်သုံးလုပ်ဆောင်နေသော အကာ အကွယ်ပေးခြင်း ဆိုင်ရာ အလေ့အထများကြား ချိတ်ဆက်လုပ်ဆောင်နိုင်အောင် သင် မည်သို့ ကူညီပေးနေပါသနည်း။

 

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင် မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့် လုပ် ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည်ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထို လုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင် များမှ လုပ်ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါမည်။ သင့် အဖွဲ့ အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင် ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

ခေါင်းဆောင်များ

“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။

အကာအကွယ်ပေးခြင်း

အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

နိုင်ငံတကာစံနှုန်းများ

ဥပမာ Keeping Children Safe နှင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အနိမ့်ဆုံး အနေဖြင့် ပြည့်မီရမည့် IASC စံနှုန်းများ၊