၂။ အမူအကျင့်
ခေါင်းဆောင်များသည် အကာအကွယ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အပါ အဝင် အဖွဲ့အစည်း၏လုပ်ဆောင်မှုများတွင် ကျားမရေးရာအသိအမြင်နိုးကြားမှု နှင့် အားလုံးပါဝင်စေမှုတို့ ရှိအောင် တာဝန်ယူလုပ်ဆောင်ပြီး အခွင့်အာဏာ မညီမျှမှုများကိုလည်း အလေးထား၍ ထည့်သွင်းစဉ်းစားပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- သင်တို့ လုပ်ငန်းများ လုပ်ဆောင်နေသည့် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများနှင့် နိုင်ငံများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ (အန္တရာယ်ကျရောက်နိုင်ခြေ ရှိသော အမျိုးသားများ သို့မဟုတ် ယောက်ျားလေးများ) အတွက် မည်သည့် သီးခြား စိန်ခေါ်မှုများ ရှိနေသည်ကို သင့်အဖွဲအစည်းအနေဖြင့် မည်သို့ သိရှိနိုင်မည်နည်း။
- အကာအကွယ်ပေးခြင်း စနစ်များအား တည်ထောင်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ လုပ်ငန်းစဉ်များအတွင်း အမျိိုးသမီးများနှင့် မိန်းကလေးငယ်များ၊ အန္တရာယ်ကျရောက် လွယ်သူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ ၏ အသံများကို ထည့်သွင်းနိုင်စေရန် အဖွဲ့အစည်းကို သင် မည်ကဲ့သို့ ဦးဆောင်မှု ပေးလျက်ရှိသနည်း။
- စနစ်အပြောင်းအလဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် အကာအကွယ်ပေး ခြင်း စနစ်များအား တည်ထောင်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ လုပ်ငန်းစဉ်များ အတွင်း အမျိုးသားများနှင့် ယောက်ျားလေးများ ပါဝင်လာစေရန် သင် မည်သို့ လုပ်ဆောင်သနည်း။
- သင်ကိုယ်တိုင်သည်လည်း အမျိိုးသမီးများနှင့် မိန်းကလေးငယ်များ၊ အန္တရာယ်ကျ ရောက်လွယ်သူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများသို့ တာဝန်ခံမှုရှိကြောင်း သေချာစေ ရန် သင် မည်သို့ လုပ်ဆောင်သနည်း၊ ထိုအတွက် သင်၏ အခွင့်အာဏာကို သင် မည်သို့ အသုံးပြုသနည်း။
- လုပ်ငန်းနယ်ပယ်များအားလုံး (ဥပမာ ရန်ပုံငွေရှာဖွေခြင်း၊ ဆက်သွယ်ရေး၊ အစီအစဉ် အကောင်အထည်ဖော်ခြင်း၊ စသည်) တွင် သင့်အဖွဲအစည်းအတွင်းရှိ အမျိုးသမီးများ၏ အတွေ့အကြုံများကို သင် မည်သို့ စစ်ဆေးဆန်းစစ်နေပါသနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
ခေါင်းဆောင်များ
“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက် များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူ များကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည် ၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံ ခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြားထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ
ဤစာတမ်းတွင် အသုံးပြုထားသည့် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများဟူသည့် အသုံးအနှုန်းတွင် ကလေးများ၊ အမျိုး သမီးများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လူနည်းစုအုပ်စုများနှင့် LGBTQI+ ဟု သတ်မှတ်ခံရသူများ ပါဝင်ပါသည် (အခြားအုပ်စုများလည်း ပါဝင်နိုင်ပါ သည်)။ သို့သော် မည်သူသည် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ ဖြစ်သည်ဆိုသည်မှာ အခွင့်အာဏာမညီမျှမှုများနှင့် များစွာ ဆက်နွှယ်နေသဖြင့် ဆက်စပ်နေသော အခြေအနေ၊ အကြောင်းအချက်များ၊ နောက်ခံအခြေအနေများပေါ်တွင် မူတည်၍ အမျိုးမျိုး ကွဲပြားသွားနိုင်ပါသည်။
