Skip to content

Survivor-centered approach – Final Page

                       ‘ဆက်လက်ရှင်သန်သူဗဟိုပြု ချဉ်းကပ်ဆောင် ရွက်မှုနည်းလမ်း’ အပိုင်းအတွက် ဆက်လက် လုပ်ဆောင်ရမည့် အဆင့်များ…

ယခုအချိန်တွင် သင့်အနေဖြင့် အမူအကျင့်တစ်ခုချင်းစီအောက်ရှိ သင်၏ ဆွေးနွေးပွဲမှတ်စုများ နှင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည့် လုပ်ငန်းများကို ရယူသင့်ပါသည်။ သင်၏ မှတ်စုများကို ပြန်လည်ဖတ်ရှုကာ ပြင်ဆင်လိုသည်များ ရှိပါကလည်း ပြင်ဆင်နိုင်ပါသေးသည်။ အောက်ဘက် ရှိ ‘ဆွေးနွေးပွဲမှတ်စုများနှင့် လုပ်ငန်းအစီအစဉ်အား ဒေါင်းလုတ်ရယူရန်’ ဟူသည်ကို မရွေး ချယ်မီ လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် မည်သူ တာဝန်ခံရမည်ဟူသည်ကို ဆုံးဖြတ် သတ် မှတ်ပြီး ဖြစ်ရပါမည်။ ထို့ပြင် ထိုလုပ်ဆောင်ချက်များ အကောင်အထည်ဖော်မှုအား ပြန်လည် သုံးသပ်ရန်အတွက် အချိန်ကာလတစ်ခုကို သဘောတူသတ်မှတ်ထားပြီး ဖြစ်ရပါမည်။

သင်တို့ ဆွေးနွေးသဘောတူထားသည့် လုပ်ဆောင်ချက်များကို သိမ်းဆည်းရန်အတွက် ‘ဆွေးနွေးပွဲမှတ်စုများနှင့် လုပ်ငန်းအစီအစဉ်အား ဒေါင်းလုတ်ရယူရန်’ ဟူသည်ကို ရွေးချယ်ပါ။ သင်၏ မှတ်စုများနှင့် လုပ်ငန်းစဉ်များအားလုံးကို သင့်ကွန်ပျူတာပေါ်တွင် Word document တစ်ခုအဖြစ် သိမ်းဆည်းပေးမည်ဖြစ်ပြီး ဤ tool ထဲမှ ဖျက်ပစ်လိုက်ပါလိမ့်မည်။

သင်၏ မှတ်စုများနှင့် လုပ်ငန်းအစီအစဉ်များကို ယခု ဒေါင်းလုတ်မလုပ်ဘဲထားမည်လျှင်၊ ထို မှတ်စုများနှင့် လုပ်ငန်း စဉ်များသည် ဤကွန်ပျူတာပေါ်ရှိ tool ထဲတွင် ၆ လကြာမြင့်သည်အထိ ရှိနေပါလိမ့်မည်။ သို့သော် သင့်အနေဖြင့် သင့် browser ၏ cache သို့မဟုတ် cookies ကို ရှင်းလင်းမပစ်ရန်တော့ လိုပါသည်။ နောက်ဆုံးအဆင့်အဖြစ် နောက်တစ်ကြိမ်တွင် မည်သည့် အပိုင်းကို ဆွေးနွေးမည်ဆိုသည်ကို တစ်ဖွဲ့လုံးအတူတကွ ဆုံးဖြတ်သတ်မှတ်ကြရမည်ဖြစ် ပါသည်။