၄။ အမူအကျင့်
ခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့အစည်းအနေဖြင့် အန္တရာယ်ကျရောက် နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ၊ အဖွဲ့အစည်း၏ အဆင့်များ အားလုံးရှိ ဝန်ထမ်းများထံမှအပါအဝင် လူအများအား အကာအကွယ်ပေးခြင်း ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တုံ့ပြန်ချက်များ၊ အကြံပြုချက်များနှင့် သတင်း ပို့အစီရင်ခံမှုများကို ပေးပို့ကြရန် တိုက်တွန်းအားပေးခြင်းနှင့် လက်ခံရယူခြင်း များကို တက်ကြွစွာ လုပ်ဆောင်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ပါသည်။ အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်များ ဖြစ်ပွားပေါ် ပေါက်သည့် ပုံစံများ၊ အလားအလာများ၊ သတင်းပို့အစီရင်ခံခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း လုပ်ငန်းယန္တရားများကို ပိုမိုကောင်းမွန်အောင် မည်သို့လုပ် ဆောင်ရမည်ဆိုသည်ကိုလည်း စဉ်းစားသုံးသပ်ဆန်းစစ်မှုများ ပုံမှန်ပြုလုပ် ပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- သင့်အဖွဲ့အစည်းအတွင်းတွင် တိုင်ကြားချက်များ၊ အကြံပြုချက်များနှင့် စောဒကတက် မေးခွန်းထုတ်မှုများကို အားပေးခြင်း၊ ကြိုဆိုခြင်း၊ တုံ့ပြန်ဖြေကြားဆောင်ရွက်ပေးခြင်း များအား တက်ကြွစွာ လုပ်ဆောင်သည့် ယဉ်ကျေးမှုတစ်ခု ရှိပါသည်။
- သင်တို့ထံ ပေးပို့လာသည့် တိုင်ကြားချက်များ၊ မကျေနပ်ချက်များအား သင်တို့ မည်သို့ တုံ့ပြန်ပါသနည်း။
- သင့်အဖွဲ့အစည်းသည် အကာအကွယ်ပေးခြင်း ဆိုင်ရာ ဖြစ်ရပ်များ သို့မဟုတ် စိုးရိမ် ပူပန်မှုများကို သတင်းပေးပို့ရန် မည်သို့ တက်ကြွစွာ တိုက်တွန်းအားပေးပါသနည်း။
- လုံခြုံစိတ်ချမှုရှိစွာ သတင်းပို့အစီရင်ခံနိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ သင့် လျော်သည့် ဝန်ဆောင်မှုများသို့ လွှဲပြောင်းပေးမှုနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ် ရပ်များအား တုံ့ပြန်ဆောင်ရွက်မှုများကို အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ အပါအဝင် လူအားလုံး လက်လှမ်းမီရရှိစေရန် သင် မည်သို့ ဆောင်ရွက်ထားသနည်း။
- ခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့အစည်းအနေဖြင့် အန္တရာယ်ကျရောက်နိုင်ခြေရှိ သူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများထံမှ သတင်းပို့ အစီရင်ခံမှုများ လက်ခံရရှိရန် သင် မည်သို့ တိုက်တွန်းအားပေးသနည်း။ ထိုအုပ်စုများအတွက် သတင်းပို့အစီရင်ခံရာတွင် ကြုံတွေ့ရသည့် အတားအဆီးများကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းပေးသနည်း။
- သင့်ဝန်ထမ်းများသည် အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်စရာ ကိစ္စများ ကို သတင်းပေးပို့လိုလျှင် ပေးပို့နိုင်သည့် အခွင့်အရေးရှိပြီး ထိုသို့သတင်းပေးပို့ခြင်းကို အဖွဲ့အစည်းမှ အားပေးပံ့ပိုးသည်ဟု ခံစားရခြင်း ရှိ/မရှိ သင် မည်သို့ သိရှိနိုင်မည်နည်း။
- ပွင့်လင်းမြင်သာမှု ရှိကြောင်း သေချာစေရန် သင် မည်သို့ လုပ်ဆောင်နေသနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
ခေါင်းဆောင်များ
“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက် များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူ များကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည် ၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံ ခန့်ခွဲမှုအဖွဲ့များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီ အစဉ် ဦးဆောင်သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူ များ ဖြစ်နိုင်ပါသည်။
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင်ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလို ခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင် ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်းစား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံများအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံ သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင် ပါသည်။
ပွင့်လင်းမြင်သာမှု
ဥပမာ သင့်အဖွဲ့အစည်းအတွင်းရှိ အကာအကွယ်ပေးခြင်းဆိုင်ရာ အမှုကိစ္စ များ အရေအတွက်၊ ထိုကိစ္စများအား တုံ့ပြန်ဆောင်ရွက်ပေးပုံနှင့် ထိုကိစ္စ များမှ ရရှိသော သင်ခန်းစာတို့နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက် များကို အများပြည်သူ သိရှိနိုင်အောင် ဆောင်ရွက်ပေးထားခြင်း၊
မည်မျှလုံခြုံစိတ်ချရမှုရှိကြောင်း သဘောထားအမြင်များ
ထိုသဘောထားအမြင်များကို သိရှိနိုင်ရန် လုပ်ဆောင်သည့် နည်းလမ်းများ ထဲတွင် အမည်ဖော်ပြရန်မလိုသည့် ဝန်ထမ်းစစ်တမ်းများ သို့မဟုတ် မကြာ ခဏ ပုံမှန်လုပ်ဆောင်သည့် စစ်တမ်းအတိုများထဲတွင် ထည့်သွင်းမေးမြန်း ခြင်းလည်း ပါဝင်ပါသည်။
ဆက်စပ်သက်ဆိုင်သူများ
ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကန်ထရိုက်တာများ သို့မဟုတ် အဖွဲ့ အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သော အခြားသူများ ပါဝင်ပါသည်။
စာရင်းစစ်ခြင်းနှင့် ပြန်လှန်သုံးသပ်စစ်ဆေးခြင်း
စာရင်းစစ်ခြင်းနမူနာအချို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဓိကစံနှုန်းများ (Core Humanitarian Standard) သို့မဟုတ် ကလေး ငယ်များအား ဘေးကင်းလုံခြုံစေခြင်း (Keeping Children Safe) တို့ ဖြစ်ပါ သည်။
အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ
ဤစာတမ်းတွင် အသုံးပြုထားသည့် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများဟူသည့် အသုံးအနှုန်းတွင် ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လူနည်းစုအုပ်စုများနှင့် LGBTQI+ ဟု သတ်မှတ်ခံရသူများ ပါဝင်ပါသည် (အခြားအုပ်စုများလည်း ပါဝင်နိုင်ပါသည်)။ သို့သော် မည်သူသည် အန္တရာယ်ကျရောက်နိုင်ခြေရှိသူ များ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ ဖြစ်သည်ဆိုသည်မှာ အခွင့်အာဏာမညီ မျှမှုများနှင့် များစွာဆက်နွှယ်နေသဖြင့် ဆက်စပ်နေသော အခြေအနေ၊ အကြောင်းအချက်များ၊ နောက်ခံအခြေအနေများပေါ်တွင် မူတည်၍ အမျိုး မျိုး ကွဲပြားသွားနိုင်ပါသည်။
