၂။ အမူအကျင့်
ခေါင်းဆောင်များသည် အကာအကွယ်ပေးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်း များကို ကျင့်သုံးရာတွင် နေရာဒေသ သို့မဟုတ် နောက်ခံအခြေအနေပေါ် မူတည်၍ ကြုံတွေ့ရမည့် စိန်ခေါ်မှုများအကြောင်း ကောင်းစွာ နားလည်သိရှိပြီး စီမံကိန်းရေးဆွဲသောအခါတွင် ယင်းတို့ကို ထည့်သွင်း စဉ်းစားရေးဆွဲစေပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- နေရာဒေသတစ်ခုရှိ အကာအကွယ်ပေးခြင်း ဆိုင်ရာ ဖြစ်နိုင်ခြေအန္တရာယ်များနှင့် စိန်ခေါ်မှုများအား နားလည်သိရှိရန် လေ့လာသည့် လုပ်ငန်းစဉ်တွင် သင် မည်သို့ ပါဝင် ပတ်သက်မှု ရှိပါသနည်း။
- သင်တို့၏ အကာအကွယ်ပေးခြင်းစနစ်များသည် အမှန်တကယ် ထိရောက်မှု ရှိစေရန် အတွက် နေရာဒေသအလိုက် သို့မဟုတ် နောက်ခံအခြေအနေအလိုက် ဖြစ်နိုင်ခြေ အန္တရာယ်များကို ထည့်သွင်းစဉ်းစားထားကြောင်း သေချာစေရန် သင် မည်သို့ လုပ် ဆောင်ပါသနည်း။
- အကာအကွယ်ပေးခြင်းဆိုင်ရာ ကျင့်သုံးမှုအလေ့အထများ ညံ့ဖျင်းနေရခြင်းသည် နေရာ ဒေသအလိုက် သို့မဟုတ် အခြေအနေအလိုက် သီးခြားကြုံတွေ့ရသော စိန်ခေါ်မှုများ ကြောင့် ဟူ၍ ဆင်ခြေမပေးနိုင်စေရန်အတွက် နေရာဒေသအားလုံးရှိ အစီအစဉ် အကောင်အထည်ဖော်မှုလုပ်ငန်းများအားလုံးတွင် အကာအကွယ်ပေးခြင်းဆိုင်ရာ မြင့် မားသော စံနှုန်းများကို တစ်ပြေးညီ ဖြည့်ဆည်းလိုက်နာကြရမည်ဟု သတ်မှတ်ပြဋ္ဌာန်း ထားခြင်း ရှိ/မရှိ သင် မည်ကဲ့သို့ သိရှိနိုင်မည်နည်း။
- သင်သည် အကာအကွယ်ပေးခြင်းဆိုင်ရာ ကျင့်သုံးလုပ်ဆောင်မှုများ တိုးတက်ကောင်း မွန်လာစေရန်အတွက် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား မည်သို့ ပံ့ပိုးကူညီပေးနေပါသနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
ခေါင်းဆောင်များ
“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင် ပါသည်။
နေရာဒေသအလိုက် သို့မဟုတ် အခြေအနေအလိုက် သီးခြားကြုံတွေ့ရသော စိန်ခေါ်မှုများ
အကာအကွယ်ပေးခြင်း (safeguarding) သို့မဟုတ် ကာကွယ်စောင့်ရှောက်ခြင်း (protection) လုပ်ငန်းများသည် အမျိုးမျိုးသော လူမှုရေး သို့မဟုတ် ယဉ်ကျေး မှုစံများနှင့် ဥပဒေဆိုင်ရာ အခြေအနေများ အပါအဝင် ဒေသအခြေအနေများ နှင့် သင့်လျော်ကိုက်ညီရပါမည်။
ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများ
ဒေသ၏ အခြေအနေအလိုက် ဖြစ်ပေါ်တည်ရှိနေသည့် အကာအကွယ်ပေးခြင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စများ၊ ပြဿနာများ (ဥပမာ အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်ခြင်း)၊ သင်၏ နစ်နာသူများနှင့် ဆက်လက် ရှင်သန်သူများအတွက် လုံခြုံစိတ်ချစွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်စွမ်း အပေါ် သက်ရောက်မှုရှိနိုင်သည့် ယဉ်ကျေးမှုဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အကဲ ဆတ်မှုများ၊ သတိထားရမည့် အချက်များကို သတ်မှတ်ဖော်ထုတ်ရာတွင် ဒေသ ခံကျွမ်းကျင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက များစွာအထောက်အကူပြု ပါသည်။ ဥပမာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့ကို တရားဥပဒေစိုးမိုးရေး အာဏာပိုင် များထံ သတင်းပို့တိုင်ကြားခြင်းသည် နစ်နာသူများနှင့် ဆက်လက်ရှင်သန်သူ များအပေါ် ဆိုးကျိုးဖြစ်နိုင်သည့်အန္တရာယ် ပို၍ တိုးလာစေမည့် အခြေအနေ များ၊ အနေအထားများ ရှိနေခြင်းမျိုး ဖြစ်ပါသည်။
