၂။ အမူအကျင့်
လွှဲပြောင်းညွှန်းပို့မှု လမ်းကြောင်းများ (ဥပမာ အထောက်အကူပေးရေး ဝန်ဆောင်မှုများထံသို့) အပါအဝင် အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်များ သို့မဟုတ် စိုးရိမ်ပူပန်သည့် ကိစ္စများကို သတင်းပို့အစီရင်ခံသည့် လုပ်ငန်းစဉ် များတွင် နစ်နာသူများနှင့်ဆက်လက်ရှင်သန်သူများထံမှ တုံ့ပြန်ချက်များ၊ အကြံ ပြုချက်များကို ထည့်သွင်းစဉ်းစားထားကြောင်း၊ ထိုသူများ၏ ကျန်းမာပျော်ရွှင် ရေး၊ အဆင်ပြေရေးကို ဦးစားပေးကြောင်း သေချာစေရန် ခေါင်းဆောင်များမှ လုပ်ဆောင်ပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- အကာအကွယ်ပေးခြင်း ဆိုင်ရာ သတင်းပို့အစီရင်ခံမှုလုပ်ငန်းစဉ်များအား ဒီဇိုင်းရေးဆွဲ မှုနှင့် အကောင်အထည်ဖော်မှုတို့တွင် နစ်နာသူများနှင့် ဆက်လက်ရှင်သန်သူများ ၏ အတွေ့အကြုံများနှင့် အမြင်များကို အမှန်တကယ် ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြောင်း သေချာအောင် လုပ်ဆောင်ရာတွင် သင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ပါ သနည်း။
- သင့်အဖွဲ့အစည်းထံသို့ (အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စများအပြင် ပို၍ ယေဘုယျ ကျသောအခြားကိစ္စများနှင့်စပ်လျဉ်းသည့်) တုံ့ပြန်အကြံပြုချက်များ ပေးပို့သည် ယန္တရား များတွင် နစ်နာသူများနှင့် ဆက်လက်ရှင်သန်သူများသည် မည်ကဲ့သို့ ပါဝင်ဆောင်ရွက်ခဲ့ ကြသနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
ခေါင်းဆောင်များ
“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက် များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူ များကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည် ၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံ ခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူ များ ဖြစ်နိုင်ပါသည်။
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
လွှဲပြောင်းညွှန်းပို့မှု လမ်းကြောင်းများ
လွှဲပြောင်းညွှန်းပို့မှုလမ်းကြောင်းများဟူသည် နစ်နာသူများ သို့မဟုတ် ဆက် လက်ရှင်သန်သူများကို ကူညီပံ့ပိုးပေးနေသည့် လုပ်ငန်းစဉ်တွင် လွှဲပြောင်း ညွှန်းပို့ပေးနိုင်သည့် အမျိုးမျိုးသော လုပ်ငန်းယန္တရားများ သို့မဟုတ် အထောက် အကူပြုဝန်ဆောင်မှုများကို ဆိုလိုပါသည်။ အကူအညီနှင့် အထောက်အပံ့များ တွင် ဆေးကုသစောင့်ရှောက်မှုများ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ၊ တွေ့ကြုံ ခံစားခဲ့ရသည့် အဖြစ်အပျက်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပံ့ပိုးပေး မှုနှင့်စားစရာ၊ အဝတ်အစား၊ ဘေးကင်းလုံခြုံစွာ အရေးပေါ်ခိုနားနိုင်သော နေရာတို့ကဲ့သို့ လက်ငင်းလိုအပ်ချက်များကို လိုအပ်သလို ဖြည့်ဆည်းပေးခြင်း တို့ ပါဝင်နိုင်ပါသည်။ စွပ်စွဲတိုင်ကြားချက်နှင့် စပ်လျဉ်း၍ ထပ်ဆောင်းလုပ် ဆောင်ရသည့် လုပ်ငန်းစဉ်များ သို့မဟုတ် အရေးယူဆောင်ရွက်မှုများ မည်သို့ ပင် ရှိစေကာမူ ယင်းတို့နှင့် လုံးလုံးလျားလျား သက်ဆိုင်မှုမရှိဘဲ ထိုကူညီ ထောက်ပံ့ဝန်ဆောင်မှုများအား ပံ့ပိုးပေးရပါသည်။ ရပ်ရွာအခြေပြု အလွတ် သဘောပံ့ပိုးကူညီမှုများ ရရှိရန် လွှဲပြောင်းညွှန်းပို့ပေးခြင်းလည်း ရှိနိုင်ပါသည်။
နစ်နာသူများ သို့မဟုတ် ဆက်လက်ရှင်သန်သူများ
အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်များ သို့မဟုတ် စိုးရိမ်ဖွယ်ရာ ကိစ္စများ ကို အဖွဲ့အစည်းတစ်ခုထံ လာရောက်အသိပေးပြောပြရန်မှာ လူမှုအသိုင်းအဝိုင်း တစ်ခုအတွင်းမှ နစ်နာသူများ သို့မဟုတ် ဆက်လက်ရှင်သန်သူများ၏ တာဝန် မဖြစ်သင့်ပါ။ အဖွဲ့အစည်းများကလည်း ထိုသို့လာရောက်အသိပေးမှသာ တုံ့ပြန် ဆောင်ရွက်ခြင်းထက် အောက်ခြေမှ ဖြစ်ရပ်များ၊ ပြဿနာများ အထက်သို့ တက်မလာမီ ဖော်ထုတ်သိရှိနိုင်ရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းများ ကြိုတင်ထားရှိပြီး ထိခိုက်နစ်နာမှုများ ဖြစ်ပွားသောအခါ နစ်နာသူများ၏ အသံ ကို နားထောင်ပေးနိုင်အောင် ဆောင်ရွက်ထားသင့်သည်။ နစ်နာသူများနှင့် ဆက်လက်ရှင်သန်သူများသည် ၎င်းတို့ တွေ့ကြုံခံစားခဲ့ရသည်များကို အသိပေး ပြောပြရန် တာဝန်ရှိသည်ဟု ခံစားရအောင် မည်သည့်အခါမျှ မပြုလုပ်သင့်ပါ။
