၃။ အမူအကျင့်
ခေါင်းဆောင်များသည် စနစ်ကျထိရောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နိုင်ရန်နှင့် နစ်နာသူများ၊ ဆက်လက်ရှင်သန်သူများအား ကူညီစောင့်ရှောက်ပေး နိုင်ရန်အတွက် ငွေကြေးနှင့်အခြားအရင်းအမြစ်များကိုခွဲဝေချထားပေးပါသည်။
အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း
ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။
ထည့်သွင်းစဉ်းစားရန် မေးခွန်းများ
- နစ်နာသူနှင့် ဆက်လက်ရှင်သန်သူကို ဗဟိုပြုသော စုံစမ်းစစ်ဆေးမှုများ အား ပြုလုပ် နိုင်စေရန် စနစ်တကျ လေ့ကျင့်သင်တန်းပေးထားပြီး လိုအပ်သည်များကို ပံ့ပိုးပေးထား ကြောင်း သင် မည်သို့ သိရှိနိုင်မည်နည်း။
- စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် နစ်နာသူများနှင့် ဆက်လက်ရှင်သန်သူများကို ဗဟိုပြုလုပ်ဆောင်ကြောင်း သေချာစေရန် သင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင် ရွက်ပါသနည်း။
- အကာအကွယ်ပေးခြင်း ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် နစ်နာသူများ၊ ဆက်လက်ရှင် သန်သူများအား ကူညီစောင့်ရှောက်မှုများ အရင်းအမြစ်များ လုံလောက်စွာ ခွဲဝေပေး ထားကြောင်း သေချာစေရန် သင် မည်သို့ လုပ်ဆောင်သနည်း။
- အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စများအား စုံစမ်းစစ်ဆေးမှုများ အချိန်မီ ပြီးစီးပြီး နစ်နာသူများနှင့် ဆက်လက်ရှင်သန်သူများထံမှ တုံ့ပြန်အကြံပြုချက်များကို ရယူ၍ သင့်လျော်သည့် ကူညီပံ့ပိုးမှုများ ပေးခြင်းကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သေချာစေရန် သင် မည်သို့ လုပ်ဆောင်ပါသနည်း။
ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)
အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။
သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။
အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက် ထိပ်သို့ပြန်သွားမည် ^
ခေါင်းဆောင်များ
“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။
အကာအကွယ်ပေးခြင်း
အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
ဆက်လက်ရှင်သန်သူဗဟိုပြု ချည်းကမ်ဆောင်ရွက်မှုနည်းလမ်း
ဆက်လက်ရှင်သန်သူဗဟိုပြု ချဉ်းကပ်ဆောင်ရွက်မှု နည်းလမ်းတစ်ခု ဆိုသည် မှာ ဆက်လက်ရှင်သန်သူ၏ အခွင့်အရေးများ၊ လိုအပ်ချက်များနှင့် ဆန္ဒများကို ဦးစားပေးပြီး အခြားအရာများအားလုံးထက် ဆက်လက်ရှင်သန်သူ၏ လုံခြုံ ရေး၊ ဆန္ဒများနှင့် အကျိုးစီးပွားကို ပထမဦးစားပေးအဖြစ် ထားရှိဆောင်ရွက် သော နည်းလမ်းကို ဆိုလိုပါသည်။ ဆက်လက်ရှင်သန်သူဗဟိုပြုသည့် နည်း လမ်းဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုသည် ဆက်လက်ရှင် သန်သူတစ်ဦးချင်းစီတိုင်းနှင့် လိုက်လျောညီထွေရှိသည့် နည်းလမ်းများဖြင့် ဆက်လက်ရှင်သန်သူများနှင့် ပြောဆိုဆွေးနွေးခြင်း၊ နားထောင်ပေးခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ ဆက်လက်ရှင်သန်သူ ဗဟိုပြုသည့် နည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်မည်ဆိုလျှင် အဖွဲ့အစည်းတွင်း သတင်းပို့အစီရင်ခံခြင်း ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကဲ့သို့ အခြားသော လိုက်နာလုပ်ဆောင်ရ မည့် အချက်များ၊ အဖွဲ့အစည်း၏ နာမည်ဂုဏ်သတင်း မထိခိုက်အောင် ကာ ကွယ်စောင့်ရှောက်ခြင်း၊ အချက်အလက်ရှာဖွေရေး လုပ်ငန်းစဉ်ကို ပြီးစီး အောင် ဆောင်ရွက်ခြင်း သို့မဟုတ် စိုးရိမ်ဖွယ်ကိစ္စ သို့မဟုတ် ဖြစ်ရပ်ကို ဥပဒေ အာဏာပိုင်များထံ သတင်းပို့ခြင်းတို့ထက် ဆက်လက်ရှင်သန်သူ၏ ဘဝအဆင် ပြေသာယာရေးနှင့် ကျန်းမာပျော်ရွှင်ရေးကို ပထမဦးစားပေးအဖြစ် ထားရှိ ဆောင်ရွက်သင့်ပါသည်။
လွှဲပြောင်းညွှန်းပို့မှု လမ်းကြောင်းများ
လွှဲပြောင်းညွှန်းပို့မှုလမ်းကြောင်းများဟူသည် နစ်နာသူများ သို့မဟုတ် ဆက် လက်ရှင်သန်သူများကို ကူညီပံ့ပိုးပေးနေသည့် လုပ်ငန်းစဉ်တွင် လွှဲပြောင်း ညွှန်းပို့ပေးနိုင်သည့် အမျိုးမျိုးသော လုပ်ငန်းယန္တရားများ သို့မဟုတ် အထောက် အကူပြုဝန်ဆောင်မှုများကို ဆိုလိုပါသည်။ အကူအညီနှင့် အထောက်အပံ့များ တွင် ဆေးကုသစောင့်ရှောက်မှုများ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ၊ တွေ့ကြုံ ခံစားခဲ့ရသည့် အဖြစ်အပျက်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပံ့ပိုးပေး မှုနှင့်စားစရာ၊ အဝတ်အစား၊ ဘေးကင်းလုံခြုံစွာ အရေးပေါ်ခိုနားနိုင်သော နေရာတို့ကဲ့သို့ လက်ငင်းလိုအပ်ချက်များကို လိုအပ်သလို ဖြည့်ဆည်းပေးခြင်း တို့ ပါဝင်နိုင်ပါသည်။ စွပ်စွဲတိုင်ကြားချက်နှင့် စပ်လျဉ်း၍ ထပ်ဆောင်းလုပ် ဆောင်ရသည့် လုပ်ငန်းစဉ်များ သို့မဟုတ် အရေးယူဆောင်ရွက်မှုများ မည်သို့ ပင် ရှိစေကာမူ ယင်းတို့နှင့် လုံးလုံးလျားလျား သက်ဆိုင်မှုမရှိဘဲ ထိုကူညီ ထောက်ပံ့ဝန်ဆောင်မှုများအား ပံ့ပိုးပေးရပါသည်။ ရပ်ရွာအခြေပြု အလွတ် သဘောပံ့ပိုးကူညီမှုများ ရရှိရန် လွှဲပြောင်းညွှန်းပို့ပေးခြင်းလည်း ရှိနိုင်ပါသည်။
စုံစမ်းစစ်ဆေးခြင်း (သို့မဟုတ် အချက်အလက်ရှာဖွေခြင်း)
အဖွဲ့အစည်းတစ်ခု၏ အကာအကွယ်ပေးခြင်းဆိုင်ရာ မူဝါဒအား ချိုးဖောက်ခဲ့မှု တစ်ခု ရှိ/မရှိ သိရှိနိုင်ရန် ကြိုးပမ်းသည့် အဖွဲ့အစည်းအတွင်းမှ စီမံအုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးခြင်းဟူသည့် အသုံးအနှုန်း သည် တရားဝင်ဥပဒေလုပ်ထုံးလုပ်နည်းများကို ရည်ညွှန်းခြင်း ဖြစ်သော ကြောင့် အဖွဲ့အစည်းတွင်းတွင် ဥပဒေရေးရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်နိုင်မှု မရှိသော အဖွဲ့အစည်းများအတွက် ‘အချက်အလက်ရှာဖွေခြင်း’ သည် ပို၍ သင့် တော်မှုရှိသော အသုံးအနှုန်းတစ်ခု ဖြစ်နိုင်ပါသည်။
