Skip to content

FAQ

                      မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQs)

ဤ နည်းလမ်းအထောက်အကူ (tool) ကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

အပြုသဘောဆောင်သည့် အကာအကွယ်ပေးခြင်း ယဉ်ကျေးမှုတစ်ခု ပျိုးထောင်ကျင့်သုံးနိုင်စေ ရန် ခိုင်မာသော သန္နိဋ္ဌာန်ချထားကြသည့် အဖွဲ့အစည်းများ အများအပြား ရှိပါသည်။ သို့သော် ထိုသို့သော ယဉ်ကျေးမှုမျိုးသည် လက်တွေ့တွင် မည်သို့မည်ပုံရှိမည်ဆိုသည်နှင့် မိမိတို့ အဖွဲ့ အစည်းတွင် လက်ရှိကျင့်သုံးနေသော ယဉ်ကျေးမှု၏ အားသာချက်များနှင့် အားနည်းချက်များ ကို မည်သည့်နည်းလမ်းဖြင့် သုံးသပ်ဆန်းစစ်ရမည်ဆိုသည်တို့ကို သိရှိရန် ကြိုးပမ်းရာ၌ အခက် အခဲများ တွေ့ကြုံနေကြပါသည်။
မိမိတို့၏ အလုပ်များတွင် ပါဝင်ပတ်သက်နေသူတိုင်းအား ကာကွယ်စောင့်ရှောက်ပေးရေးနှင့် ၎င်းတို့၏ ကျန်းမာပျော်ရွှင်ရေးသည် မိမိတို့ လုပ်ဆောင်သမျှအရာအားလုံးအတွက် အခရာကျ သောအချက် ဖြစ်ရပါမည်။ အနိမ့်ဆုံးအနေဖြင့် လိုက်နာကျင့်သုံးရမည့် စံနှုန်းများကို ဖြည့်ဆည်း ရုံဖြင့် မလုံလောက်ဘဲ မိမိတို့ ဦးဆောင်နေသည့် အဖွဲ့အစည်းများအနေဖြင့် ခိုင်မာအားကောင်း သော အကာအကွယ်ပေးသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာရေးနှင့် ထိန်းသိမ်းကျင့်သုံး ရေးကို ထက်သန်တက်ကြွစွာ အားထုတ်ကြိုးပမ်းရန် လိုအပ်ပါသည်။

ခေါင်းဆောင်ဆိုသည်မှာ မည်သူကို ရည်ညွှန်းသနည်း။

“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူများကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည်၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီး တန်း/ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီ အစဉ် ဦးဆောင်သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။

အကာအကွယ်ပေးခြင်း (safeguarding) ဆိုသည်မှာ အဘယ်နည်း။

အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်းအတွင်းရှိ မည်သူမဆို နှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှုများ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ် ဆောင်သည့် ကြိုတင်ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု နည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့် ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်းစား၍ ဤ tool ကို ပြုစုထား ခြင်း ဖြစ်သော်လည်း အခြားထိခိုက်နစ်နာမှုပုံစံများအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမို ပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

အပြုသဘောဆောင်သော အကာအကွယ်ပေးခြင်း ယဉ်ကျေးမှု ဆိုသည်မှာ အဘယ်နည်း။

‘အပြုသဘောဆောင်သော အကာအကွယ်ပေးခြင်း ယဉ်ကျေးမှု’ ဟု ဆိုရာ၌ “အဖွဲ့ အစည်း၏ အဆင့်တိုင်းတွင် စွဲကိုင်ထားရှိရမည့် တန်ဖိုးများနှင့် လိုက်နာကျင့်သုံးရမည့် အမူ အကျင့်များကို အတိအကျထုတ်ဖော်ပြောဆိုဆွေးနွေးကာ လက်တွေ့ကျင့်သုံးမှုနှင့်အတူ အကာအကွယ်ပေး ခြင်းကို အတိအလင်း ပြဋ္ဌာန်းဖော်ဆောင်သည့် ယဉ်ကျေးမှုတစ်ခုနှင့် အဖွဲ့အစည်းတွင် ပါဝင်သူ များ၏ ကျင့်ဝတ်ဆိုင်ရာ စိတ်သဘောထားခံယူချက်များ’ ကို ဆိုလိုခြင်း ဖြစ်ပါသည် (Wonnacott, J. & Carmi. E (2016) Serious Case Review: Southbank International School, Hammersmith & Fulham, Kensington & Chelsea and Westminster LSCB) ။ လူများအား ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဘဲ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးရန် အဓိက ဦးတည်ပါ သည်။ နေ့တစ်ဒူဝ လက်တွေ့ကျင့်သုံးနေသည့်အဆင့်တွင် “စိတ်ဝင်တစား စူးစမ်းလေ့လာမှု၊ အသေးစိတ် စစ်ဆေးစိစစ်မှုနှင့် ဝန်ထမ်းများကြား မိမိတို့၏ အမြင်များကို ယုံကြည်ချက် အပြည့်နှင့် ထုတ်ဖော်ပြောဆိုနိုင်သည့် အလေ့အထများ ရှိပြီး အဆိုပါအမူအကျင့်များကို အားပေးပံ့ပိုးသည့် လုပ်ငန်းစဉ်များ ရှိနေသည့် ယဉ်ကျေးမှု” တစ်ခုအနေဖြင့် မြင်တွေ့၊ ခံစားကြ ရမည်ဖြစ်သည်”(Proctor, S., Galloway, R., Chaloner, R., Jones, C. and Thompson, D. (2014) The report of the investigation into matters relating to Savile at Leeds Teaching Hospitals NHS Trust, Leeds, Leeds Teaching Hospitals NHS Trust) ။

ယဉ်ကျေးမှုဟူသည်ကို အတိအကျ ဖော်ပြပြောဆိုရန် ခက်ခဲနိုင်ပြီး အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှုကို အဖွဲ့အစည်းအတွင်းမှ ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာစိစစ်ရန်မှာ အထူးပင် ခက်ခဲနိုင် ပါသည်။ ခေါင်းဆောင်များ ပြောသမျှ သို့မဟုတ် လုပ်သမျှ အရာတိုင်းသည် အများအမြင်တွင် ထင်သာမြင်သာရှိပြီး ကျန်အဖွဲ့အစည်းတစ်ခုလုံးအပေါ် ဩဇာသက်ရောက်မှုရှိပါသည်။ ခေါင်းဆောင်များအနေဖြင့် အဖွဲ့အစည်း၏ ယဉ်ကျေးမှုအပေါ် အကျိုးသက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်မည့် လက်တွေ့ကျပြီး အဓိပ္ပါယ်ပြည့်ဝသော နည်းလမ်းအချို့တွင် အောက်ပါတို့ ပါဝင်ပါသည် –

•   ခေါင်းဆောင်များ၏ အပြောနှင့်အလုပ်ညီမှု အတိုင်းအတာနှင့် ၎င်းတို့ကိုယ်တိုင် အပြောနှင့်အလုပ်မညီသောအခါများတွင် ယင်းကို ကိုင်တွယ်ဖြေရှင်းပုံ၊
•   ကျရှုံးမှုများကို ကိုင်တွယ်ဖြေရှင်းသည့် ခေါင်းဆောင်များ၏ နည်းလမ်းအား မြင်တွေ့ရပုံ၊
•   ခေါင်းဆောင်များမှ ၎င်းတို့စွဲကိုင်ထားသော တန်ဖိုးများကို အလေးထားပုံနှင့် လိုက်နာ ကျင့်သုံးပုံ၊
•   အခြားသော အဆင့်မြင့်/အကြီးတန်းမန်နေဂျာများနှင့် ခေါင်းဆောင်များ၏ အပြန် အလှန် တုံ့ပြန်ပြောဆိုဆောင်ရွက်ပုံများနှင့် ဆက်ဆံရေးတို့ကို အခြားအဖွဲ့အစည်းဝင်      များ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပုံ၊
•   မည်သူ့ကို ငှားရမ်းခန့်ထားမည်၊ မည်သူ့ကို အလုပ်ထုတ်မည် ဟူသည့် ခေါင်းဆောင် များ၏ ဆုံးဖြတ်ချက်များနှင့် ထိုသို့ဆုံးဖြတ်ရခြင်း နောက်ကွယ်မှ အကြောင်းရင်း          များ၊
•  ခေါင်းဆောင်များ၏ မည်သူ့ကို တန်ဖိုးထား၍ ချီးမြှောက်မည်၊ မည်သူ့ကို တန်ဖိုးထား ချီးမြှောက်ခြင်းမပြုဟူသည့် ဆုံးဖြတ်ချက်များနှင့် ထိုသို့ဆုံးဖြတ်ရခြင်း၏              နောက်ကွယ်မှ အကြောင်းရင်း များ၊
•  ခေါင်းဆောင်များမှ ချန်ပီယံအဖြစ် ရှေ့ဆောင်လမ်းပြသည့်၊ ဦးစားပေးလုပ်ဆောင်သည့် စနစ်များနှင့် လုပ်ငန်းစဉ်များ၊

အရာရာ အဆင်ပြေချောမွေ့နေမည်ဆိုလျှင် အပြုသဘောဆောင်သော ယဉ်ကျေးမှုတစ်ရပ်ကို အလွယ်တကူ ပျိုးထောင်တည်ဆောက်နိုင်ပါသည်။ သို့သော် ခိုင်မာအားကောင်းသော ယဉ်ကျေး မှုများသည် ခက်ခဲကြမ်းတမ်းသော အချိန်ကာလများအတွင်း ဒုက္ခခံ၍ ကြိုးပမ်းလုပ်ဆောင် တည်ဆောက်ခဲ့ခြင်းကြောင့် ခိုင်မာအားကောင်းလာခြင်း ဖြစ်ပါသည်။ စိန်ခေါ်မှုများ ကြုံတွေ့ ရသည့် အချိန်များသည် အထူးပင်အရေးကြီးပြီး ခက်ခဲသော အခြေအနေများကို စီမံကိုင်တွယ် ခန့်ခွဲသည့် နည်းလမ်းသည် အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှုကို ဖော်ဆောင်ပေးပါသည်။

‘ဤ tool တွင် ပါဝင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်’ ဟု အမည်တပ်ထားသည့် ရုပ်ပုံကားချပ်အား ရှင်းလင်းဖော်ပြချက်

ဤ tool ကို အသုံးပြုရမည့် လုပ်ငန်းစဉ်အား the landing page  ဝက်ဘ်စာမျက်နှာပေါ်ရှိ လုပ် ငန်းစဉ်အဆင့်ဆင့်ပြ ပုံကားချပ်တွင် ဖော်ပြထားပါသည်။ လုပ်ငန်းစဉ်တွင် ဤ tool ကို အသုံး ပြုရန်နှင့် ကူညီပံ့ပိုးသူ facilitator တစ်ဦးကို ရှာဖွေရန် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆုံးဖြတ် ချက်ချမှတ်ခြင်းနှင့် စတင်ပါသည်။ ထို့နောက် သင်သည် tool ၏ မည်သည့်အပိုင်းကို ဦးစွာဆွေး နွေးမည်ဟူသည်ကို ဆုံးဖြတ်ပါသည်။ လုပ်ငန်းစဉ်အတွက် ကူညီပံ့ပိုးမည့် facilitator သည် ‘ဤ tool ကို မည်သို့ အသုံးပြုရမည်နည်း’ နှင့် ‘မကြာခဏမေးလေ့ရှိသော မေးခွန်းမျာ’ ဟူသည့် စာမျက်နှာများကို ဦးစွာ ဖတ်ရှုလေ့လာထားရပါမည်။ နောက်တစ်ဆင့်အနေဖြင့် သင်သည် တိုင်ပင်ဆွေးနွေးမည့် အစီအစဉ်၌ မည်သူများ ပါဝင်သင့်ကြောင်း သဘောတူခွင့်ပြုပေးရပါ မည်။ သင်၏ ဆွေးနွေးပွဲအတွက် လုံလောက်သည့်အချိန်ကို ကြိုတင်ဖယ်ချန်ထားရန်ကိုလည်း မမေ့ပါနှင့်။

တိုင်ပင်ဆွေးနွေးစဉ်အတွင်းတွင် –

၁၊၊ မည်သူက ဆွေးနွေးချက်များကို ရေးမှတ်ရမည်ဆိုသည်ကို ဆုံးဖြတ်ခြင်း၊
၂။ ပထမဆုံးဆွေးနွေးရမည့် အမူအကျင့်ကို စတင်ဆွေးနွေးခြင်းနှင့် သင့်အဖွဲ့အစည်းအနေ ဖြင့် ထိုအမူအကျင့်ကို မည်မျှလက်ခံကျင့်သုံးလျက်ရှိကြောင်း သုံးသပ်ခြင်း၊
၃။ ‘ဆွေးနွေးပွဲမှတ်စုများ’ ဟူသည့် အကွက်ထဲတွင် အဓိကဆွေးနွေးထားသည့် အချက်များ ကို မှတ်တမ်းတင်ခြင်း၊
၄။ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများ၊ မည်သူက တာဝန်ခံရမည်၊ မည်သည့်အချိန် မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်ရမည်ဟူသည်တို့ကို ဆွေးနွေးသဘောတူခြင်း၊
၅။ ဆွေးနွေးနေသည့် အပိုင်းတွင် ပါဝင်သည့် အမူအကျင့်တစ်ခုချင်းစီအတွက် အထက်ပါ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် ထပ်မံလုပ် ဆောင်ခြင်း၊
၆။ ဆွေးနွေးပွဲမှတ်စုများနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်ကို ဒေါင်းလုတ်ဆွဲခြင်း၊
၇။ မိမိတွင် ရှိသည့် အရင်းအမြစ်များစာရင်းကို ပြန်လည်သုံးသပ်စစ်ဆေးခြင်း၊
၈။ လုပ်ဆောင်ရမည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်မည့် အချိန်တစ်ခုအား သဘောတူသတ်မှတ်ခြင်း၊
၉။ အဖွဲ့အစည်းမှ နောက်တစ်ကြိမ် မည်သည့်အပိုင်းကို မည်သည့်အချိန်တွင် ထပ်မံဆွေးနွေး မည်ဆိုသည်ကို ဆုံးဖြတ်ခြင်း

ဤ tool မှာ အခြားကဏ္ဍများရှိ ခေါင်းဆောင်မှုဆိုင်ရာ မူဝါဒများနှင့် မည်သို့ ဆီလျော်ကိုက်ညီမှု ရှိသနည်း။

ဤ tool ကို အကူအညီပေးရေးကဏ္ဍအတွက် ထားရှိသည့် အကာအကွယ်ပေးခြင်းဆိုင်ရာ ကတိကဝတ်များ ပေါ်တွင် အခြေပြုကာ ပြုစုထားပြီး ခေါင်းဆောင်မှုပေးနေသည့် အဖွဲ့များအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) အပါအဝင် ထိခိုက်နစ်နာမှုများ၊ ဆိုးကျိုးများကို ကြိုတင်တားဆီးကာကွယ်နိုင်ရန် အတွက် ခက်ခဲနက်နဲသော၊ အခြေအတင်ပြောဆိုအဖြေရှာရန် လိုအပ်သော စကားဝိုင်းများ၊ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်နိုင်ရန် လမ်းညွှန်ပြသပေးထားပါသည်။

ဆွေးနွေးပွဲတစ်ခုစီအတွက် အချိန်မည်မျှ ပေးသင့်သနည်း။

ဤ tool တွင် ပါဝင်သော အပိုင်းတစ်ခုချင်းစီအတွက် ပြီးစီးအောင် ဆောင်ရွက်ရန် ကြာချိန်ကို Tool အကြောင်း အကျဉ်းဖော်ပြချက် စာမျက်နှာ တွင် ဖော်ပြပေးထားပါသည်။ ဆွေးနွေးရန် ရွေးချယ်သည့် အပိုင်းနှင့် သင့်အဖွဲ့အစည်း၏ အနေအထားပေါ်တွင်မူတည်၍ ဆွေးနွေးပွဲကြာ မြင့်ချိန်သည် သုံးနာရီ နှင့် လေးနာရီကြားတွင် ရှိပါသည်။ ဤသည်မှာ ခန့်မှန်းချက်သာဖြစ်ပြီး သင့်အဖွဲ့အစည်းပေါ် တွင် မူတည်၍ အချို့အပိုင်းများကို ပြီးစီးအောင် ဆွေးနွေးရန် ထို့ထက်ပို၍ ကြာမြင့်နိုင်ပါသည်။

ဆွေးနွေးပွဲတစ်ခုတွင် မည်သူ့ကို ထည့်သွင်းမည်ဆိုသည်ကို မည်သို့ ဆုံးဖြတ်ရမည်နည်း။

ဆွေးနွေးပွဲကို ကျင်းပရန်နှင့် ဆွေးနွေးမှုများ ကောင်းစွာပြုလုပ်နိုင်အောင် ကူညီပံ့ပိုးပေးရန် အတွက် facilitator အဖြစ် တစ်ဦးက တာဝန်ယူဆောင်ရွက်ပေးသင့်သည်။ မဖြစ်မနေလုပ် ဆောင်ရန် မလိုသော်လည်း ဖြစ်နိုင်လျှင် သင်တို့၏ ဖြေဆိုမှုများ၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း နှင့် စောဒကတက်မေးခွန်းထုတ်ခြင်းတို့ကို ပြုလုပ်ပေးနိုင်မည့် ပြင်ပမှ facilitator တစ်ဦးကို ခေါ်ယူအသုံးပြုပါဟု အထူးပင် အကြံပြုတိုက်တွန်းလိုပါသည်။ ဆွေးနွေးပွဲများအားလုံးတွင် ခေါင်းဆောင်မှုပေးနေသူများသာမက အလယ်အလတ်နှင့် အငယ်တန်းဝန်ထမ်းများကိုပါ ပါဝင် ဆွေးနွေးရန် ထည့်သွင်းသင့်သည်ဟု အကြံပြုပါသည်။ သင့်အဖွဲ့အစည်း၏ အရွယ်အစားပေါ် တွင် မူတည်၍ အချို့သော အပိုင်းများသည် အချို့သော လုပ်ဖော်ကိုင်ဖက်များနှင့် ပို၍ သက်ဆိုင် နေနိုင်ပါသည် (ဥပမာ “ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ထမ်းခေါ်ယူခန့်ထားမှုနှင့် HR လုပ် ငန်းစဉ်များ – Safe Recruitment and HR processes” အပိုင်းကို ဆွေးနွေးသောအခါတွင် HR ဌာနမှ လုပ်ဖော်ကိုင်ဖက်များကို ထည့်သွင်းဆွေးနွေးစေသင့်သည်)။ အရွယ်အစားသေးငယ် သော NGO များတွင် အဖွဲ့အစည်းအား ဦးဆောင်မှုပေးနေသည့် အဖွဲ့များ၏ အရွယ်အစားသည် လည်း အလွန်သေးငယ်နေနိုင်ပြီး အဖွဲ့အစည်းအတွင်းရှိ လူတိုင်းကို အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးစေလိုသောဆန္ဒ ရှိကောင်းရှိနိုင်ပါသည်။ ဤသို့ အားလုံးကို ပါဝင်ဆွေးနွေးစေ မည်ဆိုလျှင် အလွန်အကျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းများနှင့် စေတနာ လုပ်အားရှင်များထံမှ ကွဲပြားသော ရှုထောင့်အမြင်အမျိုးမျိုးကို သိရှိခွင့်ရနိုင်ပြီး ပိုမိုတိုးတက် ကောင်းမွန်အောင် ပြုလုပ်ရမည့်အရာများအတွက် ကတိကဝတ်ပြုရာတွင်လည်း လူတိုင်း ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်နေခြင်းကြောင့် ထိုကတိကဝတ်များကို ပို၍ အလေးအနက်ထားကာ ပါဝင်ဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။

 

ပြင်ပမှ facilitator တစ်ဦးကို ခေါ်ယူမည်ဆိုလျှင် မည်သူ့ကို ခေါ်ယူသင့်ကြောင်း Bond မှ ထောက်ခံအကြံပြုပေးနိုင်ပါသလား။

[email protected]  မှတစ်ဆင့် Bond ကို ဆက်သွယ်ကာ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့် အသေးစိတ်ဆွေးနွေးနိုင်ပါသည်။

ဤ tool ကို အသုံးချ၍ ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု ကျင်းပနေစဉ်အတွင်း သို့မဟုတ် ကျင်းပ ပြီးသည့်နောက်တွင် အဖွဲ့အစည်းနှင့်ဆက်စပ်ပတ်သက်နေသည့် အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်တစ်ခု အမှန်တကယ်ဖြစ်ပွားပေါ်ပေါက်ကြောင်း သတင်းပေးပို့လာပါက သို့မဟုတ် ယင်း ဖြစ်ရပ်နှင့်ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအား သတင်းပေးပို့ လာခဲ့ပါက ခေါင်းဆောင်များ သို့မဟုတ် facilitator များသည် မည်သို့ တုံ့ပြန်ဆောင်ရွက်ပေး နိုင်မည်နည်း။

ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်းတွင် ပါဝင်ဆွေးနွေးသူတစ်ဦးက ယခင်က သိရှိခြင်း မရှိခဲ့သော ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်သည့် အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ တင်ပြပြောဆိုလာခြင်းမျိုး ရှိလာနိုင်ပါသည်။ ထိုဖြစ်ရပ်တွင် သင့်အဖွဲ့ အစည်းမှ လူများ သို့မဟုတ် သင်တို့နှင့် လက်တွဲလုပ် ကိုင်နေသည့် မိတ်ဖက်အဖွဲ့အစည်းမှ လူများ ပါဝင်ပတ်သက်နေနိုင်ပါသည်။ ဤသို့ ဖြစ်လာပါက မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်သည် ဆိုသည်ကို ဆွေးနွေးပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ဆွေးနွေးတင်ပြလာသည့် ကိစ္စရပ်သည် ကြီးလေးပြင်းထန်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများ ချက်ချင်းလက်ငင်း ဖြစ်ပေါ်နိုင် သည့် အန္တရာယ်ရှိနေလျှင် သို့မဟုတ် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသူများနှင့် တိုက်ရိုက် ပတ်သက်မှု ရှိနေလျှင် ထိုကိစ္စရပ်ကို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနေစဉ်အတွင်း ဆွေးနွေးပွဲကို ရပ် ထားသင့်ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ထိုကိစ္စရပ်အတွက် တုံ့ပြန်ဆောင်ရွက်ပေးနိုင်သည် ဆိုလျှင် သင်တို့၏ ပုံမှန် လုပ်ဆောင်နေကျ သတင်းပို့အစီရင်ခံခြင်း လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။

ဤ tool ကို အချိန်မည်မျှခြား၍ ပြန်လည်အသုံးပြုသင့်ပါသနည်း။

ခေါင်းဆောင်မှုဆိုင်ရာ tool တစ်ခုသည် တစ်ကြိမ်တစ်ခါမျှသာ အသုံးပြုရမည့် tool မျိုး မဟုတ် ပါ။ မိမိ၏ အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းမှ ထွက်ခွာသွားသောသူများ သို့မဟုတ် အသစ်ဝင် ရောက်လာသူများ၊ အချိန်ကာလရွေ့လျောလာသည်နှင့်အမျှ အသစ်ပေါ်ထွက်လာသော ကိစ္စရပ် များပေါ် မူတည်၍ ဤ tool ကို အသုံးပြုကာ ဆွေးနွေးဆောင်ရွက်မှုများကို ပုံမှန် (ဥပမာ နှစ်စဉ်) ထပ်ပြန်တလဲလဲ ပြုလုပ်သင့်ပါသည်။ ထိုသို့ ပုံမှန် ပြုလုပ်နေခြင်းမရှိလျှင် အထက်ပါ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း ရှိမည်မဟုတ်ပါ။ ဆွေးနွေးပွဲများမှ ဆုံးဖြတ်ချ မှတ်လိုက်သော လုပ်ငန်းအစီအစဉ်အား ပြန်လည်သုံးသပ်ဆန်းစစ်ခြင်းကိုမူ ထို့ထက်ပို၍ အချိန် နီးကပ်စွာ ပုံမှန် (ဥပမာ သုံးလတစ်ကြိမ်) ပြုလုပ်သွားသင့်ပါသည်။

Bond အနေဖြင့် ဤ tool မှတစ်ဆင့် မည်သည့်အချက်အလက်များကို စုဆောင်းမျှဝေပေး ပါမည်နည်း။
ဤ tool ကို offline တွင် အသုံးပြုနိုင်ပါသလား။

ဤ tool ကို online ပေါ်တွင် အသုံးပြုလျှင် အထိရောက်ဆုံး ဖြစ်ပါသည်။ သင့်အနေဖြင့် online tool တစ်ခုအား အသုံးပြုရန် အခက်အခဲရှိနေလျှင် Bond ထံသို့ အောက်ပါအီးမေးလိပ်စာမှ တစ်ဆင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည် ([email protected] )။

ဤ tool ကို မည်သူ ပြုစုပေးထားသနည်း။

ဤ tool ကို Bond ၏ ကူညီပံ့ပိုးမှုဖြင့် အကာအကွယ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင် လျက်ရှိသော NGO များ ပါဝင်သည့် ခေါင်းဆောင်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ က ပြုစုပေးထားခြင်း ဖြစ်ပါသည်။ ဤသို့ပြုစုနိုင်ရန်အတွက် UK Foreign, Commonwealth & Development Office (FCDO) မှ ရန်ပုံငွေ ပံ့ပိုးပေးပါသည်။ ဤ tool တွင် ပါဝင်သည့် အကြောင်းအရာများသည် Sally Proudlove နှင့် Frances Longley တို့ ဦးဆောင်သည့် NGO လုပ်ငန်းအဖွဲ့ဝင်များ၏ မူပိုင် ဖြစ်ပါသည်။ ထို့ကြောင့် [email protected] မှတစ်ဆင့် စာဖြင့် ခွင့်ပြုချက် ကြိုတင်ရယူခြင်းမရှိဘဲ ဤ tool တွင် ပါဝင်သည့် အကြောင်းအရာများကို မည်သည့်ပုံစံနှင့်မျှ တစ်ဆင့် ပြန်လည်ကူးယူဖော်ပြခြင်း ပြုလုပ်ခွင့်မရှိပါ။