.
 
 
အပြုသဘောဆောင်သော ယဉ်ကျေးမှုတစ်ခုသို့ ပြောင်းလဲကျင့်သုံးခြင်းကို အားပေး ထောက်ပံ့သည့် နည်းလမ်းအထောက်အကူ

 

နိုင်ငံတကာဖွံ့ဖြိုးမှုနှင့် လူသားချင်းစာနာ ထောက်ထားမှုကဏ္ဍအတွင်း မကြာမီကာလများတွင် ဖြစ်ပေါ်ခဲ့သော ကျရှုံးမှုများကို လေ့လာကြည့်လျှင် အဖွဲ့အစည်းအတွင်းတွင် အကာအကွယ်ပေး ခြင်း (safeguarding) ဟူသည့် လျော်ကန်သင့်မြတ်အားကောင်းသော ယဉ်ကျေးမှုတစ်ခု မရှိခဲ့ လျှင် အဖွဲ့အစည်းများသည် အကာအကွယ်ပေးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်း များ (good safeguarding practice) ကို လိုက်နာကျင့်သုံးနိုင်ခြင်းမရှိကြကြောင်း ပြသလျက် ရှိပါသည်။

 

ယခုတင်ပြမည့် နည်းလမ်းအထောက်အကူ သို့မဟုတ် ကိရိယာ (tool) သည် အဖွဲ့အစည်းများမှ ခေါင်းဆောင်များအတွက် အပြုသဘောဆောင်သည့် အကာအကွယ်ပေးခြင်း ယဉ်ကျေးမှုတစ်ခု ဟူသည် မည်သို့မည်ပုံရှိကြောင်း နားလည်သဘောပေါက်စေရန် အထောက်အကူဖြစ်စေမည့် ဆွေးနွေးတိုင်ပင်မှုများပေါ် တွင် အခြေခံထားသည့် နည်းလမ်းအထောက်အကူတစ်ခု သို့မဟုတ် ကိရိယာတစ်ခု ဖြစ်ပါသည်။ အကာအကွယ်ပေးခြင်းနှင့် ဆက်နွှယ်သည့် ၎င်းတို့ အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ဆန်းစစ်လေ့လာပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင် ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့အပါအဝင် ထိခိုက်နစ်နာဆုံးရှုံးမှုပုံစံများအားလုံးကို တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်စေမည့် ရှင်းလင်းတိကျသော အရေးယူလုပ် ဆောင်မှုများကို ချမှတ်နိုင်စေရန် ဤ tool က ခေါင်းဆောင်များအား ကူညီပေးပါလိမ့်မည်။

 

ခေါင်းဆောင်များ၏ အခန်းကဏ္ဍ

 

 

ဤ နည်းလမ်းအထောက်အကူ (tool) တွင် ပါဝင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်

 

 

 Tool ကို မသုံးသင့်သည်မှာ – 

 

ဤကိရိယာသည် အကာအကွယ်ပေးသည့် လေ့ကျင့်ရေးကိရိယာမဟုတ်ပါ။ ၎င်းသည် ရိုးသားစွာ ဆွေးနွေးမှုကို လွယ်ကူချောမွေ့စေရန်နှင့် အဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများ၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်အတွင်း အရေးကြီးသော ယဉ်ကျေးမှုပြောင်းလဲမှုများပြုလုပ်ရန် ပံ့ပိုးကူညီရန် စကားဝိုင်းများဖန်တီးရန် ရည်ရွယ်ထားသည်။

 

ဤtool ကိုဘယ်လိုသုံးမလဲ 

မကြာခဏမေးသောမေးခွန်းများ

ကူညီပံပိုးသူများအတွက်လမ်းညွှန်

Bond safeguarding

 

 

ဆက်သွယ်ရန် – [email protected]
   
           Viber မှာ PSEA Myanmar Community ကို ၀င်ရောက်ရန်